Wednesday 31 October 2012

01 Star&Moon(SanLwin)

01 Star&Moon(SanLwin)
လခြမ်းနှင့်ကြယ်တရားတော်

Saturday 6 October 2012

အရမ်းကြည်နူးဖွယ် ပန်းချီများ

ပုံလေးတွေကိုကြည့် ပြီးတော့ ကြည်နူးနိုင်ပါစေ

 

Friday 13 April 2012

အသုံးဝင်လှသည့်ဆိုဒ်များ

အသုံးဝင်လှသည့်ဆိုဒ်များ

သီချင်းများထားတဲ့ဆိုဒ်များ



အနုပညာ

ထားဝယ်စီမံကိန်း

ထားဝယ်ရေနက်ဆိပ်ကမ်းစိန်ခေါ်မှုများ

၂၀၁၁ ခုနှစ်သို့ ဝင်ရောက်လာသည်နှင့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၊ ကုန်သည်ပွဲစားများ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ မီဒီယာများသာမက သာမန်ပြည်သူများပါ စိတ်ဝင်စားနေသည်မှာ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကိစ္စဖြစ်သည်။ တဆက်တည်းတွင် အထူးစီပွားရေးဇုန် စီမံကိန်းလည်း အပါအဝင်ဖြစ်သည်။

ထိုစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၆၀၀ ကျော် အကုန်အကျခံကာ တည်ဆောက်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် အကြီးမားဆုံး ရင်းနှီးမြုပ်နှံမှုဖြစ်လာမည့် စီမံကိန်း ဖြစ်သော်လည်း နအဖ စစ်အစိုးရသည် ပြည်သူအား အသိပေးခြင်း လုံးဝ မပြုလုပ်ခဲ့ပေ။ ၎င်းတို့ ထိန်းချုပ်ထားသည့် သတင်းဌာန၊ မီဒီယာများမှလည်း ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

မည်သူမဆို ကိုယ့်ဒေသ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာမည်ဆိုလျှင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပေလိမ့်မည်။ ဂုဏ်ယူကြပေလိမ့်မည်။ ထားဝယ်ဒေသရှိ ပြည်သူများသည်လည်း ဝမ်းမြောက် ဂုဏ်ယူချင်ကြသူများ ဖြစ်မည်သာ။

သို့သော် ထို ဖွံ့ဖြိုးတိုးတက်မှုကို မည်သူတွေက မည်သည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကြသည်၊ မည်သို့သော အကျိုးအမြတ်များကို မျှော်ကိုး၍ လုပ်ကိုင်ကြသည်၊ ရင်းနှီးမြုပ်နှံကြသည်ကိုမူ အထူးသတိပြုရန် လိုပါသည်။

သေချာသည်မှာ ထိုဒေသရှိ ရေမြေ သယံဇာတများ အမြောက်အများ ပေးဆပ်လိုက်ရပေတော့မည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံအတွက်၊ ထိုဒေသရှိပြည်သူများအတွက် အကျိုးကျေးဇူး မည်မျှရရှိမည်ကိုမူ အသေအချာ ဆန်းစစ်ရန် လိုအပ်ပေလိမ့်မည်။

ရေမြေ သယံဇာတများအပြင် ဘာသာစကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကိုပါ ပေးဆပ်ရမည်ကိုမူ မည်သူမျှ သဘောတူနိုင်မည်မဟုတ်ပေ။ ထားဝယ်ဒေသရှိ ပြည်သူများသည်လည်း သဘောတူနိုင်ကြမည် မဟုတ်ပေ။

ရေမြေသယံဇာတများနဲ့ ထားဝယ်ဒေသ

ထားဝယ်ဒေသဆိုသည်မှာ ဟိုးယခင် နှစ်ပေါင်းများစွာကတည်းက ရေမြေသယံဇာတ များစွာပိုင်ဆိုင်သည့် ဒေသတခု ဖြစ်ပေသည်။

ထားဝယ်ဒေသရှိ ဟိန္ဒား၊ ကံပေါက်၊ ဟာမြင်းကြီး သတ္တုတွင်းများသည် ခဲမဖြူ၊ အဖြိုက်နက် အများဆုံးထွက်ရှိသော နယ်မြေများဖြစ်သည်။ ထို့အပြင် ရွှေကြောများလည်း တွေ့ရှိထားသောဒေသ ဖြစ်သည်။ ရာဘာခြံ၊ ကွမ်းခြံ အမြောက်အများရှိသည်။ သဘာဝပုလဲ အကောင်းဆုံးထွက်ရှိသော ဒေသဖြစ်ပြီး ရေလုပ်ငန်းတွင်လည်း မွေးမြူရေးစီမံကိန်း အများအပြားရှိသော ဒေသလည်း ဖြစ်သည်။ ကျောက်နီမော် ပုစွန်မွေးမြူရေး လုပ်ငန်းသည်လည်း တနင်္သာရီတိုင်းတွင် အကြီးဆုံးမွေးမြူရေးစခန်းတခု ဖြစ်သည်။

၁၉၈၇ ခုနှစ်တွင် တနင်္သာရီကမ်းရိုးတန်း ရေလုပ်ငန်းအားလုံး၏ ဝင်ငွေ ၁၀ ရာခိုင်နှုန်း ရှာပေးမည့် ရေငန် ပုစွန်မွေးမြူရေး စီမံကိန်းကြီးတခုကို လောင်းလုံမြို့နယ်၊ ပြင်ကြီးကျွန်းတွင် စတင်အကောင်အထည် ဖော်ခဲ့ဖူးသည်။ တကန်လျှင် ၁၂၅ ဧကရှိသော ကန် ၆ ကန် တည်ဆောက်မည်ဖြစ်ပြီး ဒီရေအတက်အကျပေါ် မူတည်၍ သဘာဝဖြင့် အလိုအလျောက် ရေလဲလှယ်သောစနစ်ကို အသုံးပြုမည့် စီမံကိန်းဖြစ်သည်။ သို့သော်လည်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ချေးငွေရပ်ဆိုင်းလိုက်သည့်အတွက် စီမံကိန်းပျက်သွားခဲ့ရသည်။

မြန်မာနိုင်ငံတွင် အကောင်းဆုံး ပင်လယ်ကမ်းခြေဖြစ်သည့် မောင်းမကန် ကမ်းခြေရှိသည့်ဒေသလည်း ဖြစ်သည်။ သဲသောင်ပြင် ကျယ်ပြောခြင်း၊ သဲဖြူခြင်း၊ ကြည်လင်သော ရေဖြစ်ခြင်း၊ ပြေပြစ်သော ကမ်းခြေဖြစ်ခြင်း၊ ရေချိုတွင်းများရှိခြင်း၊ ရေပူစမ်းရှိခြင်းတို့ကြောင့် အနားယူရန်အကောင်းဆုံး ကမ်းခြေအခု၏ သွင်ပြင်လက္ခဏာနှင့် ပြည့်စုံသည့်နေရာပင်ဖြစ်သည်။

သို့သော်လည်း နိုင်ငံခြားသားများ သွားလာခွင့် မပြုခြင်း၊ ခေတ်မီသော အပန်းဖြေစခန်းတခုအဖြစ် တည်ဆောက်မှု မပြုခြင်း၊ ပြုပြင်ထိန်းသိမ်းမှု မရှိခြင်း၊ အာဏာပိုင်များက ဘန်ဂလိုပိုင်ရှင်များအား ပြန်လည် မွမ်းမံခွင့် မပြုခဲ့ခြင်းတို့ကြောင့် မောင်းမကန်ကမ်းခြေမှာ ထင်ရှားခြင်း မရှိခဲ့ချေ။

ထားဝယ်ဒေသသည် မိမိဘာသာစကား သီးသန့်ဖြင့် ပြောဆိုသော ဒေသတခုဖြစ်သည်။ ထားဝယ်တိုင်းရင်းသားများတွင် ရိုးရာအ၀တ်အစား၊ အစားအသောက်၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ သီးခြားရှိပြီး အေးချမ်းစွာ နေထိုင်သော လူမျိုးဖြစ်သည်။ အများစုက ဗုဒ္ဓဘာသာ ကိုးကွယ်ပြီး တခြားဘာသာ ကိုးကွယ်သူလည်း အနည်းငယ်ရှိသည်။ ကရင်၊ မွန်၊ ဗမာလူမျိုးများလည်း ရှိပြီး တတူတကွ ပူးပေါင်းနေထိုင်ကြသည်။

စီးပွားရေးအရ ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ရာဘာခြံ၊ ကွမ်းခြံ၊ ဒူးရင်းခြံများတွင် လုပ်ကိုင်ခြင်း၊ သတ္တုတွင်းများတွင် လုပ်ကိုင်ခြင်းအပြင် ထိုင်းနိုင်ငံနှင့် ကူသန်းရောင်းဝယ်ရေး လုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။

ထားဝယ်ဒေသသည် သဘာဝက ပေးထားသော အမွေအနှစ်များ ကြွယ်ဝသည့် ဒေသတခုဖြစ်သောကြောင့် ဉာဏ်အမျှော်အမြင်ကြီးစွာဖြင့် စီမံဆောင်ရွက်မည်ဆိုလျှင် ထားဝယ်ဒေသ တခုတည်းအတွက်သာမက မြန်မာတနိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေမည့်ဒေသတခု ဖြစ်ပေသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း
၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ကျွမ်းကျင်သည့် ပညာရှင်များက ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ကနဦးလေ့လာမှု ပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ Italian-Thai Development ကုမ္ပဏီနှင့် မြန်မာအစိုးရတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၀၈ ခုနှစ်မှ စ၍ ကနဦးလေ့လာမှုအဆင့် (Initial phase)၊ စမ်းသပ်ကွင်းဆင်းအဆင့် (Preparation Phase)နှင့် တည်ဆောက်မှု အဆင့် ၁ (Construction Phase 1)၊ အဆင့်၂ (Construction Phase 2)၊ အဆင့်၃ (Construction Phase 3) ဟူ၍ အဆင့် ၅ ဆင့်ခွဲ၍ စီမံကိန်းရေးဆွဲခဲ့သည်။

စမ်းသပ်ကွင်းဆင်းအဆင့်သည် ၂၀၀၈ ဇွန်လ မှ ၂၀၀၉ နှစ်ကုန်အထိ တနှစ်ခွဲ စီမံကိန်းဖြင့် ပြုလုပ်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများအကြား မူဘောင်သဘောတူညီမှုစာချုပ် (Concession signing) ကို ၂၀၀၉ နိုဝင်ဘာလ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

တည်ဆောက်ရေးလုပ်ငန်း အဆင့် ၁ ကို ၂၀၁၀ မှ ၂၀၁၄ အထိ ၅ နှစ်စီမံကိန်းဖြင့်လည်းကောင်း၊ အဆင့် ၂ ကို ၂၀၁၃ မှ ၂၀၁၇ အထိလည်းကောင်း၊ အဆင့် ၃ ကို ၂၀၁၅ မှ ၂၀၁၉ အထိလည်းကောင်း အသီးသီးစီမံကိန်းချ အကောင်အထည် ဖော်သွားမည်ဖြစ်သည်။ ထို့ကြောင့် စီမံကိန်းမှာ ၂၀၁၀ မှ ၂၀၁၉ အထိ ၁၀ နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်မည့် စီမံကိန်းဖြစ်သည်။

Tavoy_1
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အဆင့်ဆင့်ပြဇယား

လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ထားဝယ် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်းဖောက်လုပ်မည့် ၁၀၅ မိုင်အရှည်ရှိ ၈ လမ်းသွား စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံ၊ သဘာဝပိုက်လိုင်းများ ပါဝင်ပြီး နယ်ခြားဝင်ထွက်ဇုန်တို့ ပါဝင်သည်။ ထို ဆက်သွယ် တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းများကို နှစ် ၆၀ သက်တမ်းရှိ BOT (တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း) စနစ်ဖြင့် အကောင်အထည်ဖော်မည် ဖြစ်သည်။

Tavoy_2
စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီ သို့ ၈ လမ်းသွား စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်းနှင့် ဓာတ်အားလိုင်းပုံစံငယ်


Tavoy_3
နယ်ခြားဝင်ထွက်ဇုန်

Thursday 12 April 2012

အရှင် သောမ ( ထားဝယ် )

ကမ္မဋ္ဌာနစရိယ၊ ပြည်တွင်းပြည်ပ သာသနာပြု ဓမ္မစင်္ကြာ ပဋိပတ်ရိပ်သာကျောင်းတိုက် ဘုမ္မော်ရပ်၊ ထားဝယ်မြို့ ဖုန်း၊ ၀၉ ၅၀ ၀၃၀၇၉၊ ၀၉ ၈၇ ၄၀၇၃၃ ဟောကြားတော်မူသော တရားတော်များ
  1. 1 Thumbnail
2:45:35 ၆။ သူနဲ့သာဆိုရင် ၂၀ ၁၁ ၂၀၁၀ by htinaungmyint 424 views
  2. 2 Thumbnail
2:03:20 ၄။ အမုန်းဆုံးကို ချစ်လိုက်ပါ ၁ ၁၂ ၂၀၁၀ ရန်ကုန်သစ်၊ ရ... by htinaungmyint 80 views
  3. 3 Thumbnail
1:55:57 ၄။ ဒိဋ္ဌိပါယ်ခွါ သောတပန် အလုပ်သင်တရားတော် ၄ ၁၇ ၁၁ ၂၀၁၀... by htinaungmyint 117 views
  4. 4 Thumbnail
2:02:49 ၃။ ယူတတ်မှရ ကုသိုလ်များ ၃၀ ၁၁ ၂၀၁၀ ရန်ကုန်သစ်၊ ရန်ကု... by htinaungmyint 120 views
  5. 5 Thumbnail
2:03:20 ၂။ အခွင့်သာခိုက် ကြိုးစာလိုက် ၂၉ ၁၁ ၂၀၁၀ တောင်ဥက္ကလာ၊... by htinaungmyint 71 views
  6. 6 Thumbnail
1:57:09 ၂။ ဒိဋ္ဌိပါယ်ခွါ သောတပန် အလုပ်သင်တရားတော် ၂ ၁၆ ၁၁ ၂၀၁၀... by htinaungmyint 26 views
  7. 7 Thumbnail
1:46:38 ၁။ ကိုယ်ပိုင်အလုပ် မြန်မြန်လုပ် ၂၄ ၁၁ ၂၀၁၀ ပြင်ဦးလွင် by htinaungmyint 95 views
  8. 8 Thumbnail
2:03:20 ၂။